သင်္ကန်းဟူသည်

စီဝရဟုခေါ်သော သင်္ကန်းသည် ရဟန်းသာမဏေတို့ ဝတ်ရုံသုံးဆောင်ရသော အဝတ်အထည် ဖြစ်ပါသည်။ ကိလေသာစင်သော ရဟန္တာအရှင်မြတ်တို့၏ အလံတံခွန် ( အရဟတ္တဓဇ ) ဟုလည်း ခေါ်ဆိုသည်။ သစ်ခေါက်ပြုတ်ရည်ဖြင့် ဆိုးရသောကြောင့် ဖန်ရည်ဆိုးသောအဝတ် ( ကာသာ၀ ) ဟုလည်း ခေါ်သည်။ လူအနာဂါမ်ပုဂ္ဂိုလ်သည်ပင် သင်္ကန်းဝတ်ဆင်ထားသော ပုထုဇဉ် ရှင်သာမဏေကို အရိုအသေပြုရ၏။ လမ်းခရီး၌ စွန့်ပစ်ထားသော မစင်လိမ်းကျံနေသည့် သင်္ကန်းကိုပင် လူနတ်ဗြဟ္မာသတ္တဝါတို့ လက်အုပ်ချီမိုး ရှိခိုးထိုက်၏။ သင်္ကန်း၌ မမြင်ရသော ဂုဏ်သတ္တိထူးများ တည်ရှိနေသည်။ လူ့ဘဝဖြင့် ရဟန္တာဖြစ်သူသည် ယုတ်ညံ့သော လူ့အသွင်ဖြင့်မနေနိုင်။ ရဟန္တာဖြစ်သောနေ့မှာပင် သင်္ကန်းဝတ်ရုံ၍ ရဟန်းပြုမှ အသက်ရှည်ကြာစွာ နေနိုင်၏။ ရဟန်းမပြုခဲ့လျှင် ထိုနေ့မှာပင် ပရိနိဗ္ဗာန်ပြုရ၏။ သင်္ကန်းသည် သာသနာကွယ်ခြင်း၊ မကွယ်ခြင်း၏ အမှတ်အသားတစ်ခုလည်းဖြစ်သည်။ သင်္ကန်းတစ်ထွာ တစ်ညှိုဝတ်ရုံထားလျှင်ပင် ရှိခိုးခံထိုက်၍ သာသနာတည်နေသေးသူဟု ဆိုရ၏။ ထိုသာသနာကို (လိင်္ဂသာသနာ ) အသွင်သာသနာဟုခေါ်သည်။

ဆက်လက်ဖတ်ရှုရန်

ရာသီပွဲတော်လှူဘွယ်များ

သိက္ခာထပ်

ရဟန်းခံရှင်ပြုရအောင်

ဝါဆိုသင်္ကန်းလှူရအောင်

ကထိန်သင်္ကန်းလှူရအောင်

ထူးထူးခြားခြားလှူဘွယ်များ

ရုံးဖွင့်ပွဲ

မင်္ဂလာဆွမ်းကျွေး

အိမ်တက်မင်္ဂလာ

နာရေးအလှူ

မင်္ဂလာအခါတော်ပေးပြက္ခဒိန်

ဗုဒ္ဓသာသနာတော် နေ့ထူးနေ့မြတ်အလှူတော်များ

 

နှစ်သစ်မင်္ဂလာအခါတော်နေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့၁၇-၄-၂၀၂၃
ဗုဒ္ဓအခါတော်နေ့ကဆုန်လပြည့်နေ့၃-၅-၂၀၂၃
မဟာသမယအခါတော်နေ့နယုန်လပြည့်နေ့၂-၆-၂၀၂၃
ဓမ္မစင်္ကြာအခါတော်နေ့ဝါဆိုလပြည့်နေ့၁-၈-၂၀၂၃
အနတ္တလက္ခဏအခါတော်နေ့ဝါဆိုလပြည့်ကျော်(၅)ရက်နေ့၆-၈-၂၀၂၃
မေတ္တာအခါတော်နေ့ဝါခေါင်လပြည့်နေ့၃၁-၈-၂၀၂၃
ဂရုဓမ္မအခါတော်နေ့တော်သလင်းလပြည့်နေ့၂၉-၉-၂၀၂၃
အဘိဓမ္မာအခါတော်နေ့
သီတင်းကျွတ်လပြည့်နေ့၂၉-၁၀-၂၀၂၃
သာမညဖလအခါတော်နေ့တန်ဆောင်မုန်းလပြည့်နေ့၂၇-၁၁-၂၀၂၃
ဓမ္မစာဆိုတော်များနေ့နတ်တော်လပြည့်နေ့၂၇-၁၂-၂၀၂၃
ရှင်တစ်ထောင်အခါတော်များနေ့
ပြာသိုလပြည့်နေ့၂၅-၁-၂၀၂၄

ကာလဒါနလမြတ်အလှူတော်များ

ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူတော်

 

ရဟန်းခံခြင်း၊ ရှင်ပြုခြင်း၊ သီလရှင်ဝတ်ခြင်း အလှူတော်မင်္ဂလာများကို တစ်နှစ်တာကာလအတွင်း အချိန်အခါမရွေး ဆောင်ရွက်လှူဒါန်းနိုင်ပါသည်။ အလှူ့ရှင်၊ အလှူ့အမ တို့သည် မိမိတို့ ရင်သွေး သားငယ်၊ သမီးငယ်များကို ကျောင်းပိတ်သည့်အချိန်  မတ်လ၊ ဧပြီလ၊ မေလ (မြန်မာလများဖြစ်သည့် တပေါင်း၊ တန်ခူး၊ ကဆုန်လ) များတွင် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်များကို လှူဒါန်းကြပါသည်။ အဝါရောင်ချယ်ထားသော နေ့စွဲပါ ရက်များတွင် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူများကို လှူဒါန်းနိုင်ကြပါသည်။

 

၂၀၂၃ -ခုနှစ်ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူတော်အခါပေးပြက္ခဒိန်

လမြတ်ဝါဆိုသင်္ကန်းအလှူတော်

 

သံဃာတော်အရှင်သူမြတ်တို့၏ ဝါဆိုခြင်းကာလမှာ ယခုနှစ်တွင် ဒုတိယ ဝါဆိုလပြည့်နေ့ မှ သီတင်းကျွတ် လပြည့်နေ့ထိ (ဝါတွင်းသုံးလ)ဖြစ်ပါသည်။ ဝါဆိုဝါကပ်မည့် သံဃာတော်များကို ဝါဆိုသင်္ကန်း ကပ်လှူရာတွင် ပထမဝါဆိုလဆန်း(၁)ရက်နေ့မှ စတင်၍ လှူဒါန်းကြပြီး တော်သလင်းလကုန်အထိ လှူဒါန်းကြပါသည်။ အဝါရောင်ချယ်ထားသော နေ့စွဲပါရက်များတွင် ဝါဆိုသင်္ကန်း အဖြစ်လှူဒါန်းနိုင်ကြပါသည်။

 

၂၀၂၃ -ခုနှစ်ဝါဆိုသင်္ကန်းအလှူတော်အခါပေးပြက္ခဒိန်

မဟာဘုံကထိန်အလှူတော်

 

ဝါဆိုဝါကပ်တော်မူသော သံဃာတော်အရှင်သူမြတ်တို့အား ကထိန်သင်္ကန်း လှူဒါန်းနိုင်သောကာလမှာ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ  တစ်လ ဖြစ်ပါသည်။ တော်သလင်းလဆန်း(၁)ရက်နေ့ (၁၅-၁၀-၂၀၂၃) ရက်နေ့မှစ၍ ကထိန်သင်္ကန်းလှူဒါန်းနိုင်ရန်အတွက် အလှူရှင်များအနေဖြင့် ကြိုတင်ဝယ်ယူ ထားနိုင်ပါသည်။ အဝါရောင်ချယ်ထားသော နေ့စွဲပါရက်များတွင် ကထိန်သင်္ကန်းအဖြစ် လှူဒါန်း နိုင်ကြပါသည်။

 

၂၀၂၃ -ခုနှစ်ကထိန်သင်္ကန်းအလှူတော်အခါပေးပြက္ခဒိန်

ဇောတိကသင်္ကန်းပရိက္ခရာတိုက်များ

 

ဇောတိကကုမ္ပဏီမှ ဇောတိကသင်္ကန်းတိုက်ပင်မဆိုင်ခွဲများကို ရန်ကုန်မြို့ နှင့် အခြားမြို့ကြီးများတွင် ဇောတိကဝန်ထမ်းများဖြင့်တိုက်ရိုက်ဖွင့်လှစ်ရောင်းချပေးလျက်ရှိပါသည် ။ဇောတိကဆိုင်များတွင်ပစ္စည်း၊စေ◌ျးနှုန်း၊အာမခံစနစ်တူညီစွာဖြင့်ရောင်းချ‌ပေးလျက်ရှိပါသည်။