စီဝရဟုခေါ်သော သင်္ကန်းသည် ရဟန်းသာမဏေတို့ ဝတ်ရုံသုံးဆောင်ရသော အဝတ်အထည် ဖြစ်ပါသည်။ ကိလေသာစင်သော ရဟန္တာအရှင်မြတ်တို့၏ အလံတံခွန် ( အရဟတ္တဓဇ ) ဟုလည်း ခေါ်ဆိုသည်။ သစ်ခေါက်ပြုတ်ရည်ဖြင့် ဆိုးရသောကြောင့် ဖန်ရည်ဆိုးသောအဝတ် ( ကာသာ၀ ) ဟုလည်း ခေါ်သည်။ လူအနာဂါမ်ပုဂ္ဂိုလ်သည်ပင် သင်္ကန်းဝတ်ဆင်ထားသော ပုထုဇဉ် ရှင်သာမဏေကို အရိုအသေပြုရ၏။ လမ်းခရီး၌ စွန့်ပစ်ထားသော မစင်လိမ်းကျံနေသည့် သင်္ကန်းကိုပင် လူနတ်ဗြဟ္မာသတ္တဝါတို့ လက်အုပ်ချီမိုး ရှိခိုးထိုက်၏။ သင်္ကန်း၌ မမြင်ရသော ဂုဏ်သတ္တိထူးများ တည်ရှိနေသည်။ လူ့ဘဝဖြင့် ရဟန္တာဖြစ်သူသည် ယုတ်ညံ့သော လူ့အသွင်ဖြင့်မနေနိုင်။ ရဟန္တာဖြစ်သောနေ့မှာပင် သင်္ကန်းဝတ်ရုံ၍ ရဟန်းပြုမှ အသက်ရှည်ကြာစွာ နေနိုင်၏။ ရဟန်းမပြုခဲ့လျှင် ထိုနေ့မှာပင် ပရိနိဗ္ဗာန်ပြုရ၏။ သင်္ကန်းသည် သာသနာကွယ်ခြင်း၊ မကွယ်ခြင်း၏ အမှတ်အသားတစ်ခုလည်းဖြစ်သည်။ သင်္ကန်းတစ်ထွာ တစ်ညှိုဝတ်ရုံထားလျှင်ပင် ရှိခိုးခံထိုက်၍ သာသနာတည်နေသေးသူဟု ဆိုရ၏။ ထိုသာသနာကို (လိင်္ဂသာသနာ ) အသွင်သာသနာဟုခေါ်သည်။
ဗုဒ္ဓသာသနာတော် နေ့ထူးနေ့မြတ်အလှူတော်များ
| နှစ်သစ်မင်္ဂလာအခါတော်နေ့ | မြန်မာနှစ်ဆန်းတစ်ရက်နေ့ | ၁၇-၄-၂၀၂၃ |
| ဗုဒ္ဓအခါတော်နေ့ | ကဆုန်လပြည့်နေ့ | ၃-၅-၂၀၂၃ |
| မဟာသမယအခါတော်နေ့ | နယုန်လပြည့်နေ့ | ၂-၆-၂၀၂၃ |
| ဓမ္မစင်္ကြာအခါတော်နေ့ | ဝါဆိုလပြည့်နေ့ | ၁-၈-၂၀၂၃ |
| အနတ္တလက္ခဏအခါတော်နေ့ | ဝါဆိုလပြည့်ကျော်(၅)ရက်နေ့ | ၆-၈-၂၀၂၃ |
| မေတ္တာအခါတော်နေ့ | ဝါခေါင်လပြည့်နေ့ | ၃၁-၈-၂၀၂၃ |
| ဂရုဓမ္မအခါတော်နေ့ | တော်သလင်းလပြည့်နေ့ | ၂၉-၉-၂၀၂၃ |
| အဘိဓမ္မာအခါတော်နေ့ | သီတင်းကျွတ်လပြည့်နေ့ | ၂၉-၁၀-၂၀၂၃ |
| သာမညဖလအခါတော်နေ့ | တန်ဆောင်မုန်းလပြည့်နေ့ | ၂၇-၁၁-၂၀၂၃ |
| ဓမ္မစာဆိုတော်များနေ့ | နတ်တော်လပြည့်နေ့ | ၂၇-၁၂-၂၀၂၃ |
| ရှင်တစ်ထောင်အခါတော်များနေ့ | ပြာသိုလပြည့်နေ့ | ၂၅-၁-၂၀၂၄ |


















































