
ဘုံလျှိုမွေ့ရာလှူရကျိုး - ၆မျိုး
၁။ ပြေပြစ်ညီညွတ်သောခန္တာကိုယ်ရှိခြင်း။
၂။ အပူဇော်ခံရခြင်း။
၃။ နူးညံ့သူဖြစ်ခြင်း။
၄။ ရှုချင်စဖွယ်လှပတင့်တယ်သူဖြစ်ခြင်း။
၅။ အခြံအရံနှင့်တကွဖြစ်သော ဉာဏ်ကိုရခြင်း။
၆။ ကောင်းမွန်သောအခင်းအမျိုးမျိုးကိုရရှိ၍ ဈာန်တည်းဟူသော ညောင်းစောင်းကိုရခြင်း။
လက်သုတ်ပဝါလှူရကျိုး - ၅မျိုး
၁။ ကောင်းခြင်းလက္ခဏာအားလုံးနှင့်ပြည့်စုံခြင်း။
၂။ အသက်ရှည်ခြင်း။
၃။ ဉာဏ်ပညာကြီးခြင်း။
၄။ သမာဓိအားကောင်းခြင်း။
၅။ နွမ်းနယ်မှုကင်း အမြဲရွှင်လန်းခြင်း။
ခြေဆေးအင်းပျင် လှူရကျိုး- ၂မျိုး
၁။ များစွာသော ယာဥ◌်တို့ကိုရရှိခြင်း။
၂။ အစေခံမျာ၊ ဇနီးမျာ၊ မှီခိုနေသူများက ကောင်းစွာလုပ်ကျွေးခြင်း။
သင်တုန်းဓားလှူရကျိုး- ၁မျိုး
၁။ ကိလေသာကိုဖြတ်နိုင်သော သန့်စင်သော အတုမဲ့ဉာဏ်ကိုရရှိခြင်းဟူသော အကျိုးထူးကိုခံစားရသည်။
ဆွမ်းလှူခြင်းအကျိုး - ၅ပါး
၁။ အာယု = အသက်ရှည်ခြင်း။
၂။ ဝဏ္ဏ = အဆင်းလှခြင်း။
၃။ သူခ = ချမ်းသာများခြင်း။
၄။ ဗလ = ခွန်အားကြီးခြင်း။
၅။ ပဋိဘာန = ဉာဏ်ပညာကြီးခြင်း။
ရေအကျိုး - ၁၀ပါး
၁။ လျင်မြန်ခြင်း၊
၂။ သန့်ရှင်းစင်ကြယ်ခြင်း၊
၃။ ကျော်ကြားလူသိများခြင်း၊
၄။ ဆာလောင်မွတ်သိပ်မှုကင်းခြင်း၊
၅။ အခြွေအရံများခြင်း၊
၆။ အသကရှည်ခြင်း၊
၇။ အဆင်းလှခြင်း၊
၈။ ချမ်းသာကြီးခြင်း၊
၉။ ခွန်အားဗလကြီးမားခြင်း၊
၁၀။ ဉာဏ်ပညာကြီးမားခြင်း။
သပိတ်လှူရခြင်းအကျိုး - ၈မျိုး
၁။ ရွှေခွက်၊ မြခွက်၊ ငွေခွက်၊ ပတ္တမြားတို့ကို သုံးဆောင်ရခြင်း။
၂။ ဘေးဥပါဒ်မရှိခြင်း။
၃။ ရောဂါရန်မာန်ဒဏ်အမျိုးမျိုးတို့မှကင်းရှင်းခြင်း။
၄။ လူနတ်အပေါင်းတို့ဧ။် ပူဇော်မြတ်နိုးသည်ကိုခံခြင်း။
၅။ လာဘ်များခြင်း။
၆။ စည်းစိမ်ချမ်းသာမပျက်စီးဘဲတည်ခိုင်ခြင်း။
၇။ စိတ်နှလုံးတည်တံ့ခြင်း။
၈။ ကိလေသာ အာသဝေါနည်းပါးစွာနှင့် အမြတ်တရားကိုသာလိုလားခြင်း။



