
တည်နေရာနှင့်အကျယ်အဝန်း
သံဃနာယကအဖွဲ့ (ကမာရွတ်)သည် ရန်ကင်းမြို့နယ်တွင်တည်ရှိပါသည်။
သမိုင်းအကျဉ်းချုပ်
သံဃနာယကအဖွဲ့ (ကမာရွတ်) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ကို စတင်ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော် မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသအား ကျောင်းမြေနေရာနှင့် ခေတ်မီတက္ကသိုလ် ကျောင်းအဆောက်အအုံများ ရရှိရေးအတွက် သာသနာတော် အကျိုးကို ရှေးရှူ၍ ကြိုးပမ်းဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ခဲ့ပါသည်။
မင်းကွန်းဆရာတော်ကြီး ဦးဆောင်သည့် တိပိဋကနိကာယ သာသနာပြုအဖွဲ့သည် ဆရာတော် ဘုရားကြီး၏ သြဝါဒကိုခံယူကာ တစ်အိမ်ထောင်လျှင် ပြားငါးဆယ်နှုန်းဖြင့် တစ်နိုင်ငံလုံး အလှူခံ၍ လည်းကောင်း၊ ပုဂ္ဂလိကအလှူရှင်များ၏ လှူဒါန်းငွေဖြင့်လည်းကောင်း၊ တက္ကသိုလ်တည်ရှိရာ မြေနေရာ၌ အဆောက်အဦများ ဆောက်လုပ်ခြင်းလုပ်ငန်းကို ၁၉၈၄-ခုနှစ်၊ သြဂုတ်လမှစတင်၍ ၁၉၉၂-ခုနှစ်၊ မတ်လအထိ အပြီးသတ် ဆောက်လုပ်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ လှူဒါန်းခဲ့ ပါသည်။ ၂၆-၆-၁၉၈၆ ရက်နေ့တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ကို စတင်ဖွင့်လှစ် ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် နိုင်ငံတော်အစိုးရသို့ ၃၁-၅-၉၂ ရက်နေ့၌ လွှဲပြောင်းပေး အပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ တာဝန်ယူခဲ့ပါသည်။



