ကျွန်တော် တို့ Customer service အနေဖြင့် order တင်ပေး၍ မရနိုင်ပါ။ သို့သော် ဇောတိက တွင် order မှာယူခြင်းသည် အလွန်ရိုးရှင်းပါသည်။ အကောင့်များပြုလုပ်၍ customer ကိုယ်တိုင် Order မှာယူပေးရမှာပါ။ ပိုမိုသိရှိလိုပါကဤlinkတွင်ဝင်ရောက်ကြည့်ရှုရန်အကြံပြုလိုပါသည်။
အဆင်မပြေမှုအတွက်အနူးအညွတ်တောင်းပန်အပ်ပါတယ်. အော်ဒါတင်မရခြင်းဟာအောက်ပါအကြောင်းတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်
Voucher အသုံးပြုမှုမှားယွင်းနေခြင်း (အသုံးပြုနိုင်သည့်ကန့်သတ်ချက်ထက်ကျော်လွန်နေခြင်း သို့ သက်တမ်းကုန်ဆုံးနေခြင်း)
ကန့်သတ်ထားသည့်ပမာဏထက်မှာယူနေခြင်း (ဥပမာ အော်ဒါတစ်ခုတွင် ပစ္စည်းအမျိုးအစားတစ်ခုကို အရေအတွက် ၅ခုအထက်မှာပါက ယခုလို အော်ဒါတင်မရဖြစ်ပါမည်)
သင့်အကောင့်ဟာ လွန်ခဲ့သောနှစ်လအတွင်းမှာအောက်ပါအကြောင်းအရာတစ်ခုခုနှင့်ကိုက်ညီ၍လည်းဖြစ်နိုင်ပါသည်
- အော်ဒါပယ်ဖျက်ခြင်းများနေမှု
- အော်ဒါအောင်မြင်စွာမှာယူမှုနည်းပါးခြင်း
- Return Refund ပြုလုပ်မှုများနေခြင်း
အချိန်တိုအတွင်းအော်ဒါအမြောက်အများတင်နေခြင်း (တစ်နာရီအတွင်း ၁၀ မှ ၁၅ အော်ဒါ)
ဟုတ်ပါသည်။ ဇောတိက မှာ ၁ဝဝ ရာနှုန်းပြည့် အသုံးမပြုရသေးသည့် ကုန်ပစ္စည်းအသစ်များကိုသာ ရောင်းချပါသည်။ တစ်ခုတည်းသော ချွင်းချက်မှာ ပြန်လည်ပြင်ဆင်ထားသော လက်တော့ပ်များမိုဘိုင်းဖုန်းများအတွက် ရောင်းချသူထံမှ အရည်အသွေးကောင်းမွန်ခြင်းနှင့် အာမခံအပြည့်အဝ စိစစ်ဆောင်ရွက်သည်။
ကျွန်တော်တို့၏ ဝက်ဆိုဒ်တွင် တင်ထားသည့် ကုန်ပစ္စည်းသည် ဤစံနှုန်းများနှင့် မကိုက်ညီဟု ထင်ပါလျှင် ကျေးဇူးပြု၍ ကျွန်တော်တို့၏ Live Chat သို့ ဆက်သွယ်ပေးပါ။
ကုန်ပစ္စည်းသည် အာမခံပေးလျှင် အာမခံကာလကို ကုန်ပစ္စည်းပုံ၏ လက်ယာဘက် ကုန်ပစ္စည်း၏စာမျက်နှာပေါ်တွင် ဖော်ပြထားမည်ဖြစ်ပါသည်။ ကုန်ပစ္စည်းတစ်ခုကို ရောင်းချသူများစွာမှ ရောင်းချလျှင် ကုန်ပစ္စည်းပုံ၏ အောက်ဘက်တွင်ရှိသော ‘နောက်ထပ်အချက်အလက်များ’ တွင် ရောင်းချသူအမည်၏ ညာဘက်တွင် ရောင်းချသူတစ်ဦးချင်းစီမှ ပေးသော အာမခံကာလကို ဖော်ပြပေးမည်ဖြစ်ပါသည်။
ရွေးချယ်ထားသည့် ကုန်ပစ္စည်းများအတွက် အခမဲ့တပ်ဆင်ခြင်းကို ရန်ကုန်မြို့တွင်း၌သာ ဆောင်ရွက်ပေးပါသည်။ တပ်ဆင်ခြင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို သိရှိရန် ကုန်ပစ္စည်းဖော်ပြချက်ကို စေ့စပ်သေချာစွာ ဖတ်ရှုပေးပါ။
ဇောတိက မှတဆင့် အောက်ပါ ဖုန်းကွန်ယက် အမျိုးအစားများအား ငွေဖြည့်နိုင်ပါသည်။
- Telenor
- MPT
- Ooredoo
- Mytel
Package များနှင့် အတွင်းပစ္စည်းများမှ ရောဂါပိုးကူးစက်သည့် အထောက်အထားများမရှိသေးပါ။ အခြေအနေအားစောင့်ကြည့်နေပြီး လိုအပ်ပါက အာဏာပိုင်များနှင့်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ WHO ၏ လမ်းညွှန်ချက်များအတိုင်းလည်း တိကျစွာ လိုက်နာဆောင်ရွက်နေပါသဖြင့် စိတ်ချယုံကြည်နိုင်ပါသည်။
ဇောတိက တွင်ရောင်းချသူများကိုလည်း ယခုလိုအခြေအနေကို အခွင့်ကောင်းမယူရန် သတိပေးချက်များ ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူသည့်သူများကိုလည်း ဇောတိက မှပယ်ဖျက်သည်အထိ ချက်ခြင်းအရေးယူဆောင်ရွက်သွားမှာဖြစ်ပါသည်။ စျေးနှုန်းမြင့်တတ်မှုများတွေ့ရှိခဲ့ပါကလည်း Live Chat မှတစ်ဆင့်အကြောင်းကြားနိုင်ပါသည်။
WHO ၏ ပြောကြားချက်အရ ငွေစက္ကူ များမှ တစ်ဆင့် ဗိုင်းရပ်စ် ကူးစက်မှု မရှိပါ။ ဘေးကင်းစေရန်အတွက် ငွေကြိုရှင်းစနစ် ( Visa/master/ JCB card) အား အသုံးပြုရန် အကြုံပြုလိုပါသည်။ ပစ္စည်းလာပို့ဆောင်သူများကို လက်အိတ်အသုံးပြုပြီးငွေစက္ကူကိုင်တွယ်ရန် နှင့် ငွေစက္ကူကိုင်တွယ်ပြီးပါက လက်ဆေးရန်ကိုလဲသေချာညွှန်ကြားပေးထားပါသည်။
ဇောတိက ဟာ ပုံမှန်လုပ်ငန်းစဉ်များအတိုင်းဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ အကယ်၍ အပြောင်းအလဲများရှိခဲ့ပါက အကြောင်းကြားပေးသွားပါမည်။
Delivery ပို့ဆောင်ရေး Team ကို virus ကာကွယ်ရေးပစ္စည်းများ၊ mask များ၊ လက်အိတ်များ ဝတ်ဆင်ရန်ညွန်ကြားပြီးဖြစ်ပါသည်။ Package များတွင် ပိုးမွှားကင်းစင်ရေးအတွက်လည်း အတတ်နိုင်ဆုံးဆောင်ရွက်ပေးနေပါသည်။



