ဘွဲ့အမည်ပေးခြင်း

'ရှင်သာမဏေအဖြစ်ရောက်လို့ ဆရာဘုန်းတော်ကြီးက ဘွဲ့အမည်ပေးတဲ့အခါ နေ့သင့် နံသင့်ဘွဲ့အမည်တွေကိုပဲ ပေးလို့ရသလား။ ကိုယ့်စိတ်ကြိုက် ဘွဲ့ကို ပေးလို့မရဘူးလား'

'ရှင်သာမဏေကို ဘွဲ့ပေးတဲ့အခါ နေ့သင့်နံသင့်ဘွဲ့အမည် ပေးရမယ်လို့ ဘုရားက မဟောခဲ့ပါဘူး။ ပိဋကတ်တော်တွေ၊ အဋ္ဌကထာတွေ၊ ဋီကာတွေထဲမှာလည်း မပါဘူး။ ဘုရားရှင်လက်ထက်တော်က ရဟန်းဘွဲ့အမည်တွေကလည်း နေ့သင့်နံသင့် ပေးတာမဟုတ်ဘူး။ ဗြဟ္မဏဝါဒီတွေရဲ့ ဗေဒင်အယူအဆတွေက ဘာသာရေးလုပ်ငန်းထဲဝင်ပြီး နေရာယူလာခဲ့တာ။ ကြာလာတော့ အစဉ်အလာဆိုသလိုဖြစ်လာပြီး သာမဏေတွေ ရဟန်းတော်တွေရဲ့ ဘွဲ့အမည်တွေကို နေ့သင့်နံသင့်မှ ပေးလို့ရတယ်ဆိုပြီး ထင်မှတ်မှားလာကြတာ။ တခြားဗုဒ္ဓသာသနာပြင်ပ ဗြဟ္မဧဝါဒီတွေရဲ့ အယူအဆတွေ သာသနာရေးကိစ္စထဲ ဝင်ရောက်ခြယ်လှယ်တာ၊ လွှမ်းမိုးလာတာဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ ဒီလို နေ့သင့် နံသင့်ဘွဲ့ အမည်ပေးတာဟာ ဘုရားရှင်လက်ထက်တော်က ပြုလုပ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းမဟုတ်တဲ့အတွက် အချို့ဆရာတော်ကြီးတွေက ဘဝင် မကျခဲ့ပါဘူး။ '

'နေ့သင့်နံသင့် ဘွဲ့အမည်ပေးမှုအပေါ် ဆရာတော်ကြီးတွေက ဘယ်လိုသုံးသပ်ခဲ့လဲ

'ညောင်လေးပင်တောရ ဆရာတော်ကြီး က 'ဘွဲ့အမည်မှည့်သောအခါ 'က-ခ-ဂ-ဃ-င' စသောနံ၊ 'မတ်-ဘုံ-ဇေ-ယ တိမ်သတ်' စသော ဆန်းဂိုဏ်းတို့လည်း အနှစ်သာရမဟုတ်ဘဲ ရွှေတောင်ကျီးရောက် ရွှေရောင်တောက်ခြင်းသာ ဖြစ်ကုန်၏။ တနင်္လာသားကို ရှင်ရာဟုလာဟုမှည့်ခြင်း၊ 'အာ-ဗော-ကာ-ယ-ဆန်-ရွှေ-ကဏ်' ဖွားဘက်တော်တို့ သောကြာနေ့သားဖြစ်ခြင်း တို့ကို သတိပြုသင့်၏' လို့ မိန့်တော်မူခဲ့ပါတယ်။ ဓမ္မရံသီ မဂ္ဂဇင်းမှာ အမေး အဖြေ ကဏ္ဍကို တာဝန်ယူဖြေဆိုနေတဲ့ ဆရာဓမ္မပါလ ကလည်း 'လောကီ အယူအဆအရသာ နေ့နံလိုက်ပြီး နာမည်မှည့်ခေါ်ကြခြင်း ဖြစ်ပါသည်။ လောကုတ္တရာလမ်းက ဘုရားအရိယာ သူတော်မြတ်များသည် နေ့နံလိုက် နာမပညတ်ကို အဓိကထားပြီး သုံးစွဲတော်မမူကြပါ။ ထို့ကြောင့် ဘုရားရှင်တို့၏ ဘွဲ့တော်များမှာ နေ့နံလိုက် မတွေ့ရခြင်းဖြစ်ပါသည်' လို့ ရေးသား ခဲ့ပါတယ်။ ဒီတော့ သာမဏေရဲ့ ဘွဲ့အမည်ကို ဆရာဘုန်းကြီးအကြိုက် နှစ်သက်သလို ပေးလို့ရပါတယ်။ ဘာမှ နေ့သင့်နံသင့် တွက်ချက်ပြီး ပေးနေစရာ မလိုပါဘူး။

ဇောတိက(ရုံးချုပ်)

အမှတ်(၃၇)၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၀၅၈၁၊ ၃၈၀၅၇၈၊ ၈၆၀၃၁၂၈၊ ၈၆၀၃၁၂၉

ဇောတိက(၁)

အမှတ်(၃၅)၊ အခန်း(၃)၊ ရေတာရှည်လမ်းဟောင်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်အနီး၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၀၅၈၁

ဇောတိက(၂)

အမှတ်(၉၇) အေ၊ ဘုန်းကြီးလမ်းအလယ်၊ သရက်တော ကျောင်း တိုက်အနီး၊ လမ်းမတော်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၁၂၁၅၉

ဇောတိက(၃)

အမှတ်(၆၁၊၆၂)၊ အထက်ကြည်မြင်တိုင်လမ်းမကြီး၊ ကြည်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၃၆၅၈၉

ဇောတိက(၄)

အမှတ်(၃၅)၊ အခန်း(၅)၊ ရေတာရှည်လမ်းဟောင်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် အနီး၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၀၅၇၈

ဇောတိက(၅)

တိုက်(၆)၊ ၁၅လမ်း၊ ကမ်းနားလမ်းနှင့် ၁၅လမ်းထောင့်၊ ညောင် ပင်လေးဈေးအနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၂၄၉၂၈

ဇောတိက(၆)

အမှတ်(၃၄၅-ဘီ)၊ ကျိုက္ကဆံလမ်း၊ တာမွေလမ်းဆုံ၊ ရွှေဗဟိုရုပ်ရှင်ရုံရှေ့၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၇၀၇၂၅၉

ဇောတိက(၇)

အမှတ် (၁၁၀)၊ အခန်း (၂)၊ မြေညီထပ်၊ ပြည်လမ်း၊ ၈မိုင်လမ်းဆုံ၊ ရိုးမဘဏ် အနီး၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁- ၆၅၁၉၆၄

ဇောတိက(၈)

တိုက်(၅)၊ အခန်း(၅)၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၀၁၈၇၀

ဇောတိက(၉)

အမှတ်(၃၅)၊ လေးထောင့်ကန်လမ်း၊ စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၇၉၅၄၄

ဇောတိက(၁၀)

အမှတ်(၈၅)၊ မြန်မာဘစ်ရှော့ဈေးဝယ်စင်တာ၊ ရေတာရှည် လမ်းဟောင်း၊ ဗဟန်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၅၂၉၂၅၊ ၅၅၂၈၀၂၊ ၃၇၅၄၇၀

ဇောတိက(မန္တလေး)

အမှတ်(၈၄၇)၊ ၈၁လမ်း၊ ၄၅နှင့် ၄၆လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။