သာသနာ့ အမွေခံ

'ဗုဒ္ဓဘာသာဝင် မိဖတွေဟာ သားယောက်ျားလေးကို ရှင်ပြုပေးမှသာ သာသနာ့အမွေခံဖြစ်တယ်လို့ အတော်များများက ပြောနေကြတယ်။ ဒါဖြင့်ရင် အကြောင်းကြောင်းကြောင့် သားယောက်ျားလေးကို ရှင်ပြုမပေးရတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ သားယောက်ျားလေးမရှိလို့ ရှင်ပြုမပေးရတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သာသနာ့အမွေခံ မဖြစ်တော့ဘူးလား'

'သားယောက်ျားလေးတွေကို ရှင်ပြုမပေးတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ သားယောက်ျားလေးမွေးမထားလို့ ရှင်ပြုမပေးရတဲ့ ဗုဒ္ဓဘာသာဝင် မိဘတွေ သာသနာ့အမွေ မခံထိုက်ဘူးလို့ ဘုရားရှင်က ဟောမထားပါဘူး။ တကယ်တော့ သာသနာ့အမွေဆိုတာ မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာတရားကိုးပါးကို ဆိုလိုတာပါ။ အဲဒီလောကုတ္တရာတရားကိုးပါးကို သိမြင်ရရှိတဲ့သူသာ သာသနာ့အမွေကို ခံယူရရှိသူ စစ်စစ်ဖြစ်ပါတယ်။ ဒီတော့ မိမိရဲ့ သားယောက်ျားလေးကိုပဲဖြစ်ဖြစ်၊ သူတစ်ပါးရဲ့သားယောက်ျားလေးကိုပဲဖြစ်ဖြစ် အကြိမ်ပေါင်းများစွာ ရှင်ပြုပေး နေပါစေ၊ လောကုတ္တရာတရားကိုးပါးကို မျက်မှောက်ပြုနိုင် သီလ၊ သမာဓိ၊ ပညာကျင့်စဉ်တွေကို မကျင့်လို့ကတော့ ဘယ်နည်းနဲ့မှ သာသနာ့အမွေခံ မဖြစ်ပါဘူး။ ကိုယ့်မှာ သားယောက်ျားလေးမရှိလို့ ရှင်ပြုမပေးနိုင်သူတွေ၊ သားယောက်ျားလေးရှိလျက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ရှင်ပြုမပေးဖြစ်သူတွေဟာ သီလ၊ သမာဓိ ပညာ ကျင့်စဉ်တွေ ကျင့်ပြီး လောကုတ္တရာတရားထူးကို ရကြမယ်ဆိုရင် သာသနာ့အမွေခံသူ ဖြစ်ပါတယ်။ ရှင်ဒကာ ရှင်ဒကာမ မဖြစ်ရုံနဲ့ အားငယ်နေစရာ မလိုပါဘူး။'

'ဒါဖြင့်ရင် သားယောက်ျားလေးကို ရှင်ပြုပေးတာဟာ သာသနာ့ အမွေခံဖြစ်တယ်ဆိုတဲ့ စကားဟာ ဘယ်လို ပေါ်ပေါက်ခဲ့တာလဲ၊ ဘယ်သူက စတင်ပြောခဲ့တာလဲ '

'အဲဒီစကားက သီရိဓမ္မာသောကမင်းကြီးလက်ထက်မှာမှ စတင်ပေါ်ပေါက်ခဲ့တာပါ။ ဒီစကားကို ဘုရားရှင်မဟောခဲ့သလို၊ ဘုရားရှင်လက်ထက်တော်ကစပြီး သီရိဓမ္မာသောက မင်းကြီးခေတ်မတိုင်မီ ကာလတွေမှာ သာသနာတော်မှာ ဒီစကားမရှိခဲ့ပါဘူး။ မင်းကြီးဟာ ဗုဒ္ဓ သာသနာတော်ကို သက်ဝင်ယုံကြည်တဲ့အတွက် သံဃာတော်တွေကို ပစ္စည်းလေးပါး အလျှံပယ် ပေးလှူတော် မူပါတယ်။ မင်းကြီးက သံဃာတော် အရှင်သူမြတ်တွေကို သူဟာ ဗုဒ္ဓသာသနာကို ချီးမြှောက်ထောက်ပံ့တဲ့ အတွက် သာသနာ့အမွေကို ခံယူတဲ့ သာသနာ့ဒါယကာဖြစ်ပါပြီလားလို့ မေးလျှောက်တော်မူပါတယ်။ အဲဒီအခါ သံဃာခေါင်းဆောင် ဖြစ်တဲ့ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ် မြတ်ကြီးက 'မင်းကြီး ဤမျှသော ချီးမြှောက်ခြင်းဖြင့် ပစ္စည်းလေးပါးပေးလှူသူ (ပစ္စယဒါယကာ) သာ ဖြစ်ပါသေးတယ်။ သာသနာ့အမွေကို ခံယူသူ သာသနာ့ဒါယကာ မဖြစ်သေးဘူး ချမ်းသာတဲ့သူဖြစ်ဖြစ်၊ ဆင်းရဲတဲ့သူဖြစ်ဖြစ် မိမိရဲ့သား ယောက်ျားလေးကို ရှင်ရဟန်းပြုပေးမှသာ သာသနာ့အမွေခံ ဖြစ်တယ် သာသနာ့ဒါယကာ ဖြစ်တယ် ' လို့ မိန့်ကြားတော်မူပါတယ်။'

'ဒီလိုဆို မိမိရဲ့သားကို ရှင်ပြုပေးတာ သာသနာ့အမွေခံယူတာဖြစ်တယ်ဆိုတဲ့ အယူအဆဟာ သီဟိုဠ်က အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကြီးရဲ့ အယူအဆပေါ့။ ဘုရားဟော ပိဋကတ်တော်တွေမှာ မပါဘူးပေါ့နော်။'

မထေရ်မြတ်ကြီးကလည်း ဒီစကားကို အကြောင်းရှိလို့ မိန့်တော်မူခဲ့တာပါ။ သီရိဓမ္မာသောကမင်းကြီးရဲ့ သားတော် မဟိန္ဒမင်းသားကို ရဟန်းပြုပေးခြင်းအားဖြင့် ဗုဒ္ဓသာသနာတော်ပိုပြီး ကြီးပွားမှာကို မြော်မြင်ဆင်ခြင်ပြီး မိန့်တော်မူခဲ့တာပါ။ ဒီစကားကို အခြေခံပြီး သားဖြစ်သူကို ရှင်ပြုပေးတဲ့ မိဘတွေဟာ သာသနာ့အမွေကို ခံယူရရှိတယ်လို့ အစဉ်အလာ မှတ်ယူလာခဲ့ကြတာပါ။'

ဇောတိက(ရုံးချုပ်)

အမှတ်(၃၇)၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၀၅၈၁၊ ၃၈၀၅၇၈၊ ၈၆၀၃၁၂၈၊ ၈၆၀၃၁၂၉

ဇောတိက(၁)

အမှတ်(၃၅)၊ အခန်း(၃)၊ ရေတာရှည်လမ်းဟောင်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်အနီး၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၀၅၈၁

ဇောတိက(၂)

အမှတ်(၉၇) အေ၊ ဘုန်းကြီးလမ်းအလယ်၊ သရက်တော ကျောင်း တိုက်အနီး၊ လမ်းမတော်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၁၂၁၅၉

ဇောတိက(၃)

အမှတ်(၆၁၊၆၂)၊ အထက်ကြည်မြင်တိုင်လမ်းမကြီး၊ ကြည်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၃၆၅၈၉

ဇောတိက(၄)

အမှတ်(၃၅)၊ အခန်း(၅)၊ ရေတာရှည်လမ်းဟောင်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် အနီး၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၀၅၇၈

ဇောတိက(၅)

တိုက်(၆)၊ ၁၅လမ်း၊ ကမ်းနားလမ်းနှင့် ၁၅လမ်းထောင့်၊ ညောင် ပင်လေးဈေးအနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၂၄၉၂၈

ဇောတိက(၆)

အမှတ်(၃၄၅-ဘီ)၊ ကျိုက္ကဆံလမ်း၊ တာမွေလမ်းဆုံ၊ ရွှေဗဟိုရုပ်ရှင်ရုံရှေ့၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၇၀၇၂၅၉

ဇောတိက(၇)

အမှတ် (၁၁၀)၊ အခန်း (၂)၊ မြေညီထပ်၊ ပြည်လမ်း၊ ၈မိုင်လမ်းဆုံ၊ ရိုးမဘဏ် အနီး၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁- ၆၅၁၉၆၄

ဇောတိက(၈)

တိုက်(၅)၊ အခန်း(၅)၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၀၁၈၇၀

ဇောတိက(၉)

အမှတ်(၃၅)၊ လေးထောင့်ကန်လမ်း၊ စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၇၉၅၄၄

ဇောတိက(၁၀)

အမှတ်(၈၅)၊ မြန်မာဘစ်ရှော့ဈေးဝယ်စင်တာ၊ ရေတာရှည် လမ်းဟောင်း၊ ဗဟန်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၅၂၉၂၅၊ ၅၅၂၈၀၂၊ ၃၇၅၄၇၀

ဇောတိက(မန္တလေး)

အမှတ်(၈၄၇)၊ ၈၁လမ်း၊ ၄၅နှင့် ၄၆လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။