ရှင်ပြုရမည့်အသက်အရွယ်

၁၅-နှစ်ဟု ဘုရားရှင်သတ်မှတ် ။ ။ ဘုရားပွင့်တော်မူစ၌ သာသနာဝင်လိုသူများသည် ရှင်သာမဏေ ဘဝ၌ ရပ်နားခြင်းမရှိဘဲ တစ်ခါတည်း ရဟန်းဘဝသို့ ရောက်ကြကုန်၏။ နောက်မှသာ 'အသက် ၂ဝ မပြည့်လျှင် ရဟန်းမပြုရ'ဟု ပညတ်တော်မူသောကြောင့် ရှင်သာမဏေများ ဖြစ်ပေါ်လာရပေသည်။ ထိုအခါ သာမဏေအရွယ်အစားစားရှိနေပြန်ရာ အမျိုးတစ်မျိုး၌ ကူးစက်ရောဂါကြောင့် တစ်မျိုးလုံး သေဆုံး၍ သားအဖနှစ်ယောက် ကျန်ရစ်သဖြင့် ထိုသားအဖ နှစ်ယောက်လုံးပင် ရှင်ရဟန်းပြုကြလေသည်။

ထို့နောက် သားအဖ ဆွမ်းခံထွက်ကြရာ သားကိုရင်က အဘရဟန်းဆီပြေးလာပြီး 'အဖေ. . . အဖေရတဲ့ ထမင်းကို ကျုပ်လည်း ပေးပါဦး'ဟု တောင်းသည်ကို တွေ့မြင်ကြသူတို့က ကဲ့ရဲ့ကြသဖြင့် 'တစ်ဆယ့်ငါးနှစ်အသက်ပြည့်မှ ကိုရင်ဝတ်ပေးရမည်၊ ၁၅-နှစ်အောက် ယုတ်လျော့သောသူငယ်ကို ရှင်ပြုမပေးရ၊ ရှင်ပြုပေးသော ရဟန်းဒုက္ကဋ်အာပတ်သင့်စေ'ဟု ဝိနည်းမဟာဝါ၊ အဟိဝါတကရောဂဝတ္ထု (ဝိ၊၃၊၁ဝ၉။) ၌ ဘုရားရှင်အတိအလင်း ရှေးဦးပထမ ပညတ်တော်မူခဲ့ပါသည်။

ကျီးခြောက်နိုင်ဟူသည် ။ ။ ကျီးခြောက်နိုင်လျှင် ရှင်ပြုခွင့်ရသည်မဟုတ်လောဟု ခြေခြေမြစ်မြစ်မသိသူတို့က ဆင်ခြေတက် တတ်ကြပါသည်။ အကြောင်းကား ဤသို့တည်း။

ထိုသို့ (၁၅-နှစ်ဟု) ပညတ်တော်မူပြီးနောက် အရှင်အာနန္ဒာ၏ ဒါယကာအမျိုးလည်း ထိုကူးစက်ရောဂါဆိုးကြောင့်ပင် ပျက်စီးကြလေရာ လူမမယ်ကလေးနှစ်ယောက်သာ ကျန်ရစ်၏။ ထိုကလေးနှစ်ယောက်သည် မိဘများလက်ထက်က ရဟန်းများနှင့် အရောတဝင် နေလေ့ရှိသည့်အတိုင်း ထိုအချိန်မှာ ရဟန်းတော်များကိုသာ အားကိုးရှာသဖြင့် ရဟန်းတော်များမြင်လျှင် ပြေးလာကြကုန်၏။ ထိုအခါ ကရုဏာကင်းမဲ့သော ရဟန်းတို့က ငေါက်ငမ်းကြသောကြောင့် ကလေးတွေ ငိုကြရှာလေသည်။ ထိုဖြစ်ပုံကို အရှင်အာနန္ဒာမြင်ရ၍ သနားခြင်းပြင်းပြသော်လည်း တစ်ဆယ့်ငါးနှစ်မပြည့်သေးရကား ရှင်ပြုပေးလိုပါလျက် မပေးသာသောကြောင့် ဘုရားရှင်အား အကြောင်းစုံကို လျှောက်ရလေသည်။ ထိုအခါ 'ကျီးခြောက်နိုင်လောက်ပြီလား (မိမိရှေ့၌ ချထားသော ဆွမ်းကို ကျီးမနှိုက်အောင်ခြောက်၍ စားနိုင်လောက်ပြီလား)'ဟု မေးတော်မူ၏။ 'ခြောက်နိုင်လောက်ပါပြီ'ဟု လျှောက်ထားသဖြင့် 'ကျီးခြောက်နိုင်လောက်သောကလေးကို တစ်ဆယ့်ငါးနှစ်မပြည့်သေးသော်လည်း ရှင်ပြုပေးနိုင်၏'ဟု မလွှဲသာခွင့်ပြုတော်မူသည်။

ဇောတိက(ရုံးချုပ်)

အမှတ်(၃၇)၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၀၅၈၁၊ ၃၈၀၅၇၈၊ ၈၆၀၃၁၂၈၊ ၈၆၀၃၁၂၉

ဇောတိက(၁)

အမှတ်(၃၅)၊ အခန်း(၃)၊ ရေတာရှည်လမ်းဟောင်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်အနီး၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၀၅၈၁

ဇောတိက(၂)

အမှတ်(၉၇) အေ၊ ဘုန်းကြီးလမ်းအလယ်၊ သရက်တော ကျောင်း တိုက်အနီး၊ လမ်းမတော်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၁၂၁၅၉

ဇောတိက(၃)

အမှတ်(၆၁၊၆၂)၊ အထက်ကြည်မြင်တိုင်လမ်းမကြီး၊ ကြည်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၃၆၅၈၉

ဇောတိက(၄)

အမှတ်(၃၅)၊ အခန်း(၅)၊ ရေတာရှည်လမ်းဟောင်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် အနီး၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၀၅၇၈

ဇောတိက(၅)

တိုက်(၆)၊ ၁၅လမ်း၊ ကမ်းနားလမ်းနှင့် ၁၅လမ်းထောင့်၊ ညောင် ပင်လေးဈေးအနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၂၄၉၂၈

ဇောတိက(၆)

အမှတ်(၃၄၅-ဘီ)၊ ကျိုက္ကဆံလမ်း၊ တာမွေလမ်းဆုံ၊ ရွှေဗဟိုရုပ်ရှင်ရုံရှေ့၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၇၀၇၂၅၉

ဇောတိက(၇)

အမှတ် (၁၁၀)၊ အခန်း (၂)၊ မြေညီထပ်၊ ပြည်လမ်း၊ ၈မိုင်လမ်းဆုံ၊ ရိုးမဘဏ် အနီး၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁- ၆၅၁၉၆၄

ဇောတိက(၈)

တိုက်(၅)၊ အခန်း(၅)၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၀၁၈၇၀

ဇောတိက(၉)

အမှတ်(၃၅)၊ လေးထောင့်ကန်လမ်း၊ စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၇၉၅၄၄

ဇောတိက(၁၀)

အမှတ်(၈၅)၊ မြန်မာဘစ်ရှော့ဈေးဝယ်စင်တာ၊ ရေတာရှည် လမ်းဟောင်း၊ ဗဟန်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၅၂၉၂၅၊ ၅၅၂၈၀၂၊ ၃၇၅၄၇၀

ဇောတိက(မန္တလေး)

အမှတ်(၈၄၇)၊ ၈၁လမ်း၊ ၄၅နှင့် ၄၆လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။