ပရိက္ခရာရှစ်ပါး အသုံးပြုပုံ

အလုံးစုံသော ဤပရိက္ခရာတို့သည် ကိုယ်ကို ဆောင်နိုင်သည်လည်းဖြစ်ကုန်၏။ ဝမ်းကို ဆောင်နိုင်သည်လည်း ဖြစ်ကုန်၏။ အဘယ်သို့ ဆောင်နိုင်ကုန်သနည်းဆို သော် ရှေးဦးဆုံး ဖေါ်ပြအပ်သော သင်္ကန်းသုံးထည်ကို ဝတ်၍လည်းကောင်း၊ ရုံ၍ လည်းကောင်းလှည့်လည်သောအခါ ထိုသင်္ကန်းသုံးထည်သည်ကိုယ်ကိုဆောင်တတ်၊ မွေးမြူ တတ်သောကြောင့် ကာယပရိဟာရိက-မည်၏။ သင်္ကန်းအနားဖြင့် ရေကို စစ်၍ သောက်သောအခါ၌လည်းကောင်း၊ စားစရာသစ်သီးကြီးငယ်ကို ယူသောအခါ၌လည်း ကောင်း ဝမ်းကို ဆောင်တတ်၊မွေးမြူတတ်သောကြောင့် ကုစ္ဆိပရိဟာရိက- မည်၏။

သပိတ်ဖြင့် ရေကို ထုတ်ဆောင်၍ ရေချိုးသောအခါ၌လည်းကောင်း၊ ကျောင်းငယ်၌ မြေညက်ဖြင့် လိမ်းကျံမှုကို ပြုသောအခါ၌လည်းကောင်း၊ သပိတ်သည်ကိုယ်ကို ဆောင်၏။၁ သပိတ်ဖြင့် အာဟာရကို ယူ၍ စားသောအခါ ဝမ်းကိုဆောင်၏။

ပဲကွပ် (ဓားငယ်)သည်လည်း ယင်းဖြင့် ဒန်ပူကို ဖြတ်သောအခါ၌လည်းကောင်း၊ ညောင်စောင်း အင်းပျဉ်တို့၏ ပေါင်နှင့် ခြေထောက်တို့ကို ပြုလုပ်သောအခါ၊ သင်္ကမ်း ကျောင်းငယ် (သင်္ကမ်းတဲ)၏ တိုင်ငယ်များကို စီရင်သောအခါ၌လည်းကောင်း ကိုယ်ကိုဆောင်၏။ ကြံချောင်းကိုဖြတ်သောအခါ၊ အုန်းသီးကိုအခွံခွာသောအခါတို့၌ ဝမ်းကို ဆောင်၏။

အပ်သည်လည်းသင်္ကန်းချုပ်သောအခါ၌ ကိုယ်ကို ဆောင်၏။ မုန့်ကိုဖြစ်စေ၊သစ်သီးကိုဖြစ်စေ ထိုး၍စားသောအခါ၌ ဝမ်းကို ဆောင်၏။

ခါးပန်းကြိုးသည် ကိုယ်၌ ဖွဲ့ချည်၍ လှည့်လည်သောအခါ ကိုယ်ကို ဆောင်၏။ကြံချောင်းစသည်တို့ကို ဖွဲ့ချည်၍ ယူသောအခါ ဝမ်းကို ဆောင်၏။

ရေစစ်ပဝါသည် ယင်းဖြင့် ရေကို စစ်ယူ၍ ရေချိုးသောအခါ၌လည်းကောင်း၊ ကျောင်းအိပ်ရာနေရာကို သန့်ရှင့်စင်ကြယ်အောင် ပြုသောအခါ၌လည်းကောင်းကိုယ်ကို ဆောင်၏။ သောက်ရေထဲမှ ပိုးငယ်များကို စစ်ထုတ်သောအခါ၌လည်းကောင်း၊နှမ်း၊ဆန်၊ မုန့်ဆန်စသည်တို့ကို ယူ၍ စားသောအခါ၌ လည်းကောင်း ဝမ်းကိုဆောင်၏ ။

ကာယပရိဟာရိက - ကိုယ်ကို ဆောင်၏ဟူသည် ကိုယ်အား ကျေးဇူးပြု၏ဟုဆိုလိုပါသည်။ ကုစ္ဆိပရိဟာရိက - ဝမ်းကို ဆောင်၏ဟူသည် ဝမ်းအား ကျေးဇူးပြု၏ဟု ဆိုလိုပါသည်။

ထိုရှစ်ပါးသောပရိက္ခရာရှိသည့် ရဟန်းသည် ဓားငယ်ကို လည်းကောင်း၊ အပ်ကိုလည်းကောင်း၊ ရေစစ်ပဝါ၌ ထည့်၍သပိတ်အတွင်း၌ ထည့်သွင်းပြီး သပိတ်ကိုပခုံးစွန်း၌ချိတ်၍ သင်္ကန်းသုံးထည်ကို ကိုယ်နှင့်စပ်သည်ကိုပြုပြီး အလိုရှိရာအရပ်သို့ချမ်းသာစွာ ဖဲခွာသွား၏။ ထိုရဟန်းအား တစ်ဖန်ပြန်လာ၍ ယူစရာပစ္စည်းဟူ၍ မရှိတော့ချေ။ ဤသို့ရှစ်ပါးသောပရိက္ခရာရှိသည့် ရဟန်း၏ ပေါ့သော အသက်မွေးမှု ရှိပုံကို ပြတော်မူလိုသည် ဖြစ်၍ မြတ်စွာဘုရား၏'သန္တုဋ္ဌော ဟောတိ ကာယပရိဟာရိကေန စီဝရေန' အစရှိသော စကားကိုမိန့်ကြားတော်မူသည်။

ဝတ်ရရုံစားရရုံဖြင့်ရောင့်ရဲသောရဟန်း

ထိုစကားရပ်၌ ကာယပရိဟာရိကေန-ဟူသည် ကိုယ်ကိုဆောင်ရုံမျှဖြစ်သော (ကိုယ်၌ ဝတ်ရုံထားသော) သင်္ကန်းဖြင့်ရောင့်ရဲ၏။ ကုစ္ဆိပရိဟာရိကေန -ဟူသည်ဝမ်း ကို ဆောင်ရုံမျှဖြစ်သော (စားရရုံမျှဖြစ်သော)ဆွမ်းဖြင့် ရောင့်ရဲ၏။ သမာဒါယေဝ ပက္ကမတိ - ဟူသည် ပရိက္ခရာ ရှစ်ပါးမျှသာဖြစ်သော ပစ္စည်းအားလုံးကိုယူ၍သာလျှင်၊ ကိုယ်နှင့်စပ်သည်ကို ပြု၍သာလျှင် သွား၏။ 'ငါ့ပရိဝုဏ်၊ငါ့အလုပ်အကျွေး' ဟူ၍ ကပ်ငြိခြင်း သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းသော်လည်းကောင်း မဖြစ်။ ထိုရဟန်းသည် လေးညှို့မှ လွှတ်အပ်သော မြားတံကဲ့သို့လည်းကောင်း၊ ဆင်အုပ်မှ ထွက်ခွာလာသည့် မုန်ယိုသော ဆင်ကဲ့သို့လည်းကောင်း၊ အလိုရှိအပ် အလိုရှိအပ်သော ကျောင်းကိုလည်းကောင်း၊ တောအုပ်ကိုလည်းကောင်း၊ သစ်ပင်ရင်းကိုလည်းကောင်း၊ တော၌ရှိသော တောင်ဝှမ်းကိုလည်းကောင်း သုံးဆောင်လျက် တစ်ပါးတည်းသာ ရပ်၏။ တစ်ပါးတည်းသာ ထိုင်၏။ ဣရိယာပုတ်ဟူသမျှတို့၌ အဖေါ်မမှီး တစ်ပါးတည်းသာ ဖြစ်၍-

'အကြင်ပုဂ္ဂိုလ်သည် အရပ်လေးမျက်နှာ သွားလိုရာသို့ သွားနိုင်သည်လည်းကောင်း၊ သူတစ်ပါးတို့အား ထိပါးခြင်း မရှိသည်လည်းကောင်း၊ အမှတ်မထား တစ်ပါးပါးသော ပစ္စည်းဖြင့် ရောင့်ရဲသည်လည်းကောင်း၊ ဘေးရန်တို့ကို ခံနိုင်ရည်ရှိသည်လည်းကောင်း၊ ကြောက့်ရွံခြင်း မရှိသည် လည်းကောင်းဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ကြံ့ချိုနှင့်တူသည် ဖြစ်၍ တစ်ပါးတည်း လှည့်လည်ရာ၏' ဟူ၍ ချီးမွမ်းအပ်သည့် ကြံ့ချိုနှင့်တူသည်၏ အဖြစ်သို့ ရောက်၏။

တောင်ပံရှိသော ငှက်ဥပမာ

ယခုအခါ ထို'ပရိက္ခရာရှစ်ပါးကို ယူ၍ သွားနိုင်၏'ဟူသော အနက်ကိုဥပမာဖြင့် ပြီးစေ (ထင်ရှားစေ) လိုသည်ဖြစ်၍ 'သေယျထာပိ' အစရှသော စကားကိုမိန့်ကြားတော် မူလေသည်။ ထိုစကားရပ်၌ ပက္ခီသကုဏော-ဟူသည်အတောင်နှင့်ယှဉ်သော (အတောင်ရှိသော) ငှက်သည် (ပျံသွား၏)။ဍေတိ-ဟူသည်ပျံတက်သွား၏။ ဤဆိုလတ္တံ့ကား ဤသေယျထာပိ-စသော စကားရပ်၌အကျဉ်းချုပ်အပ်သော အနက်ဖြစ်၏။ ငှက်တို့ မည်သည် 'ဤမည်သော အရပ်၌သစ်ပင်သည် မှည့်သောအသီးရှိ၏'ဟု သိကုန်လတ်သော် အရပ်မျက်နှာ အသီးသီးတို့မှ လာကြပြီး ခြေသည်း၊ အတောင်၊ နှုတ်သီးစသည်တို့ဖြင့် ထိုသစ်ပင်၏ အသီးတို့ကိုထိုးဖောက် ခါတွက်ကြကုန်လျက် စားကြကုန်၏။ 'ဤအသီးသည် ယနေ့စာဖြစ်၏၊ ဤအသီးကား နက်ဖြန်စာ ဖြစ်လိမ့်မည်'ဟု ကြံစည်ခြင်းသည် ငှက်တို့အား မဖြစ်။ အသီများ ကုန်သွားလျှင်ကား ထိုသစ်ပင်အား အစောင့်မထားကြ။ ထိုသစ်ပင်၌ အတောင်ကိုသော်လည်းကောင်း၊ ခြေသည်းကိုသော်လည်းကောင်း၊ နှုတ်သီးကိုသော်လည်းကောင်း မထားခဲ့ကြ။ စင်စစ်ကား ထိုသစ်ပင်၌ ငဲ့ကွက်ခြင်း မရှိသည်ဖြစ်၍ မိမိပျံသွားလိုရာ အရပ်သို့ အတောင်ဟူသော ဝန်ရှိသည်ဖြစ်၍သာလျှင်ပျံသွား၏။ ဤနည်းတူပင် ဤရဟန်းသည်လည်း ကပ်ငြိခြင်း မရှိသည်ဖြစ်၍၊ ငဲ့ကွက်ခြင်းမရှိသည်ဖြစ်၍ အလိုရှိရာအရပ်သို့ ဖဲခွာသွား၏။ ထို့ကြောင့်'သမာဒါယေဝ ပက္ကမတိ' ဟု မိန့်ကြားတော်မူခြင်း ဖြစ်သည်။ (ဓမ္မဗိမာန် ကျမ်းစာအမှတ် - ၆ သီလက္ခန် အဌကထာ မြန်မာပြန် ၃၆၂၊ ၃၆၆)



ဇောတိက(ရုံးချုပ်)

အမှတ်(၃၇)၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၀၅၈၁၊ ၃၈၀၅၇၈၊ ၈၆၀၃၁၂၈၊ ၈၆၀၃၁၂၉

ဇောတိက(၁)

အမှတ်(၃၅)၊ အခန်း(၃)၊ ရေတာရှည်လမ်းဟောင်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်အနီး၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၀၅၈၁

ဇောတိက(၂)

အမှတ်(၉၇) အေ၊ ဘုန်းကြီးလမ်းအလယ်၊ သရက်တော ကျောင်း တိုက်အနီး၊ လမ်းမတော်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၁၂၁၅၉

ဇောတိက(၃)

အမှတ်(၆၁၊၆၂)၊ အထက်ကြည်မြင်တိုင်လမ်းမကြီး၊ ကြည်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၃၆၅၈၉

ဇောတိက(၄)

အမှတ်(၃၅)၊ အခန်း(၅)၊ ရေတာရှည်လမ်းဟောင်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် အနီး၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၀၅၇၈

ဇောတိက(၅)

တိုက်(၆)၊ ၁၅လမ်း၊ ကမ်းနားလမ်းနှင့် ၁၅လမ်းထောင့်၊ ညောင် ပင်လေးဈေးအနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၂၄၉၂၈

ဇောတိက(၆)

အမှတ်(၃၄၅-ဘီ)၊ ကျိုက္ကဆံလမ်း၊ တာမွေလမ်းဆုံ၊ ရွှေဗဟိုရုပ်ရှင်ရုံရှေ့၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၇၀၇၂၅၉

ဇောတိက(၇)

အမှတ် (၁၁၀)၊ အခန်း (၂)၊ မြေညီထပ်၊ ပြည်လမ်း၊ ၈မိုင်လမ်းဆုံ၊ ရိုးမဘဏ် အနီး၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁- ၆၅၁၉၆၄

ဇောတိက(၈)

တိုက်(၅)၊ အခန်း(၅)၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၀၁၈၇၀

ဇောတိက(၉)

အမှတ်(၃၅)၊ လေးထောင့်ကန်လမ်း၊ စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၇၉၅၄၄

ဇောတိက(၁၀)

အမှတ်(၈၅)၊ မြန်မာဘစ်ရှော့ဈေးဝယ်စင်တာ၊ ရေတာရှည် လမ်းဟောင်း၊ ဗဟန်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၅၂၉၂၅၊ ၅၅၂၈၀၂၊ ၃၇၅၄၇၀

ဇောတိက(မန္တလေး)

အမှတ်(၈၄၇)၊ ၈၁လမ်း၊ ၄၅နှင့် ၄၆လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။